16th Annual Smithsonian Magazine Photo Contest Mobile
Sea of People

Sea of Peopleနောက်​ဆို အကြံအစည်​မရှိတဲ့ ကြိုး ကိုရှာပါ ကိုယ့်​ကိုမျက်​နှာမငယ်​​စေတဲ့ ပြတင်း​ပေါက်​က​နေပဲ​ငေးပါ ​​ထောင်​​ချောက်​မဆင်​ထားတဲ့ ပုခုံး ကိုပဲမှီပါ။ ​နောက်​ဆို အဆိပ်​မရှိတဲ့ကြယ်​ကိုရှာပါ ကိုယ့်​ကိုတကယ်​ဖိတ်​​ခေါ်တဲ့ တိမ်​​တွေဆီပဲသွားပါ ပြန်​လှည့်​ကြည့်​စရာမလိုတဲ့ ​မေတ္တာကိုပဲ​ရွေးပါ။ ​နောက်​ဆို အ​ရောင်​ခဏခဏမ​ပြောင်းတဲ့ ကောင်းကင်​​အောက်​မှာ​နေပါ ကိုယ့်​ကို တကယ်​ကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ထားမယ့်​ နွယ်​မှာပဲ အချည်​​နှောင်​ခံပါ သက်​​သောင့်​သက်​သာဖြစ်​​စေမယ့်​ နွံမှာပဲနစ်​ပါ။ ​နောက်​ဆို မလှည့်​စားတတ်​တဲ့ အရိပ်​မှာခိုပါ ကိုယ့်​ကိုတကယ်​လာ​စေချင်​လို့ ခင်း​ပေးတဲ့လမ်းကိုပဲ ​လျှောက်​ပါ အတင်းလုယက်​ဝင်​စရာမလိုတဲ့တံခါးကိုပဲ​ခေါက်​ပါ။ ​နောက်​ဆို အဆင့်​အတန်းမခွဲတဲ့ တိမ်​ ကိုရှာပါ ကိုယ့်​ကိုတကယ်​ပြန်​​ကောင်း​စေချင်​တာ ကျိန်း​သေတဲ့ ရာသီဥတု​အောက်​မှာပဲ ဖျားနာပါ ပြင်းထန်​​ပေမယ့်​ မယုတ်​မာတဲ့ မုန်​တိုင်းမျိုး​တွေ့မှပဲ ' လွင့်​ ' ပါ ။ #ချောနကျယ်

Photo Detail
Date Taken: 03.2018
Date Uploaded: 06.2018
Photo Location: Japan
Camera: iPhone 5s
Copyright: © Aung Ko Latt